ကျေးဇူးတင်ပါတယ်ပုဏ္ဏားကြီးရယ်၊ ဒါပေမဲ့ ပုဏ္ဏားကြီးရဲ့ အပေါ်ရုံခြုံထည်ကို ကျမ မယူပါရစေ နဲ့၊ပုဏ္ဏားကြီးသာခြုံပါ၊လူကြီးလူကောင်းဆိုတာ အပေါ်ရုံခြုံထည်လေးနှင့်မှ သင့်တော်တာမဟုတ် လား ပုဏ္ဏားကြီးရဲ့၊(ယင်းခေတ်ယဉ်ကျေးမှုအရ လူကြီးလူကောင်းများသည် အပေါ်ရုံခြုံထည် ပါ ရ၏)၊
ကျမတို့ အရှင်သခင်က ကျမတို့အတွက် “ စားဝတ်နေရေး ကျန်းမာရေး ” အစစ ဂရုစိုက်ပါ တယ်၊ ဒါကြောင့် အ၀တ်အစားလည်း ကျမမှာ ပြည့်ပြည့်စုံရှိပါတယ်၊ ပိုလျှံနေလို့ ကိုယ့်လောက်
မှ မပြည့်စုံသူတွေကိုတောင် ကျမပေးကမ်း နေရပါသေးတယ်၊ဒါလည်း လိုအပ်တဲ့နေရာ ဖြည့် ဆည်းခွင့်ရတဲ့ ဒါနတစ်မျိုးပဲပေါ့၊ ပေးကမ်းလှူဒါန်းတယ်ဆိုတာလည်း လိုအပ်တဲ့နေရာ လိုအပ် တဲ့ပစ္စည်းကို လိုအပ်သလို “ အယုတ်အလတ်အမြတ်မရွေး” ပေးလှူတာက လောကအတွက် ပိုပြီးတော့ အကျိုးရှိစေတယ် မဟုတ်ဘူးလား ပုဏ္ဏားကြီး၊
ပြောလက်စနဲ့ ပုဏ္ဏားကြီးကို ဆက်ပြောပါရစေ၊တကယ်လို့ “ ဒုက္ခ ” ကို မချစ်ဘူး၊ ဒုက္ခကို မလို လားဘူးဆိုရင် ဒုက္ခဖြစ်ကြောင်း မကောင်းမှုမှန်သမျှကို မျက်မှောက်မှာပဲဖြစ်ဖြစ် မျက်ကွယ်မှာပဲ ဖြစ်ဖြစ် ဘယ်အကြောင်းကြောင့်မှ မလုပ်မှိပါစေနဲ့၊ နောက်ပြီးတော့ သိသာတဲ့အကုသိုလ်ဖြစ် ဖြစ် (ကာယဒုစရိုက် ၀စီဒုစရိုက်)၊ မသိသာတဲ့ အကုသိုလ်ပဲဖြစ်ဖြစ်(မနောဒုစရိုက်)မလွန်ကျူးမှိ အောင် သတိထားပြီး ထိမ်းသိမ်းစောင့်ရှောက်ပေးပါ။
အတိတ်ဟာ လွန်သွားပြီဆိုတော့ ထားပါတော့၊ ပစ္စုပ္ပန်နှင့်အနာဂါတ်မှာ မကောင်းမှု မပြုမှိပါ စေနဲ့တော့၊ တကယ်လို့ ပြုမှိမယ် ဆိုရင်တော့ ဘယ်ပြေးပြေး လွတ်လမ်းမရှိပါဘူး၊မကောင်း ကျိုးဖြစ်တဲ့ “ အပါယ်လေးပါးဆင်းရဲ လူ့အောက်တန်းစားလူဆင်းရဲ ” စတဲ့ မကောင်းကျိုးတွေ ဟာ နောက်က အစဉ်တစိုက် လိုက်နေမှာပါ။ မကောင်းမှုတွေ ပြုပြီးမှ မကောင်းကျိုးမှ လွတ် အောင် ဆိုပြီးတော့ “ ရေ မြေ ကောင်းကင်တောင်စဉ်ချိုင့်ဝှမ်း ” ဘယ်စခန်းသွားပြီး ပုန်းအောင်း နေနေ လွတ်မြောက်နယ်မြေဆိုတာ မရှိပါဘူး။
နောက်ပြီးတော့ လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကိုအမြတ် ဆုံးထားပြီးတော့ ကိုးကွယ်ဆည်းကပ်ပါ၊ ကိုယ်ကျင့်သီလကိုလည်း လုံခြုံအောင် စောင့်ထိန်းပါ၊ အသင်ပုဏ္ဏာကြီးအတွက် ကောင်းကျိုး ချမ်းသာ မင်္ဂလာများ ဖြစ်ထွန်း လာပါ လိမ့်မယ်၊
ပုဏ္ဏားကြီးကလည်း ချက်ခြင်းပင် မိမိသည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို အမြတ် ဆုံးအရာထားပြီး ကိုးကွယ်ဆည်းကပ်မည့်အကြောင်းနှင့် သီလတရားကိုလည်း လုံခြုံအောင် ထိမ်းမည့် အကြောင်း ကျမကို အာမခံချက် ပေးနေပြီလေ။
ကျမပြောချင်တာလည်း ပြောပြီးပြီ၊ အချိန်လည်း တော်တော်လေး ကြာသွားပြီမို့ အိမ်ပြန်ရန် ကျမ ချေလှမ်းများ ပြင်လိုက်တော့၏၊ပုဏ္ဏားကြီး ကျမသွားတော့မယ်နော်၊
အော် ဟုတ်ကဲ့ပါ ကျေးဇူးရှင်မလေးရယ်. ကျမ ပြုံးလိုက်မိ၏ စောစောကတော့ ကျမကို သပေါက်မလေးတဲ့၊အခုတော့ကျေးဇူးရှင်မလေးတဲ့လေ၊အော် သူ့စိတ်ထဲမှာ ဇာတ်ဆိုတာ အရေး မကြီးဘူး၊အကျင့်သာ အရေးကြီးတယ်ဆိုတာ သဘောပေါက်သွားပြီလေ၊စိတ်ထားလေး ပြောင်း သွားတော့ အပြောအဆို အမူအရာပါ ပြောင်းလွဲသွားပြီးကို၊အော် စိတ် စိတ် စိတ်...
ကျမ၏ အိမ်အပြန်ချေလှမ်းများသည် ခါတိုင်းထက် ပေါ့ပါးသည်ဟုထင်ရ၏၊ ခါတိုင်းထက် သွက် နေ သည်ဟုလည်းထင်မှိ၏၊ ခပ်လာသော ရေအိုးသည်ပင် လေးမှန်းမသိတော့၊ အော် င့ါစိတ် တွေ ပေါ့ပါးနေလို့ အရာအားလုံးလည်း လိုက်ပေါ့ပါးနေပါတော့လား။
ပုဏ္ဏ - မင့်ကို သူဌေးမင်းက အခေါ်လွှတ်လိုက်တယ် ၊ လာ ငါနှင့်တစ်ခါထဲ လိုက်ခဲ့ - တဲ့၊
ကျမတို့ကို အုပ်ချုပ်သူ အဒေါ်ကြီး၏ ခေါ်ဆောင်ချက်အရ ကျမ သူ့နောက်ကနေ ခပ်ကုပ်ကုပ် လေး လိုက်သွားမှိတယ်၊ ရောက်တယ်ဆိုရင်ပဲ သူဌေးမင်းက “ င့ါတူမ ထိုင်ပါအုံး ” တဲ့။ကျမကို နေရာတွေပေး လေးလေးစားစား ဆက်ဆံနေပါတယ်၊ ကျမ စဉ်းစားနေမှိတယ် ၊ တစ်ခုခုတော့ ထူးနေပြီး ထင်တယ်လို့။
ငါ့တူမကို “ ဆုချ ” မလို့ ခေါ်လိုက်တာပဲ။ ဆု - ဟုတ်လား သူဌေးမင်း၊ ဟုတ်တယ် ဆုတောင်မှ
ရိုးရိုးဆု မဟုတ်ဘူး ၊ အထူးဆု ဆုချမှာ၊ ကျမ နားမလယ်အောင် ဖြစ်နေမှိ၏ ၊ အထူးဆု - တဲ့။ ငါ့တူ မ မြစ်ဆိပ်ရေခပ်သွားရင်း ရေဖြင့် မကောင်းမှုဆေးကြောတဲ့ “ ဥဒကသုဒ္ဓိ ” ကျင့်စဉ်မှားကို
ကျင့်သုံးနေတဲ့ ဝေဒပညာရှိ ပုဏ္ဏားတစ်ဦးကို တရားစကားတွေ သွားပြောတယ်ဆို။
အော် - ဟုတ်ကဲ့၊ ကျမ သူ့ရဲ့ ချမ်းတုန်နေတဲ့အမူအရာမြင်တာနဲ့ နောက်ပြီးတော့ အဆင်းရဲခံ ကျင့်နေတဲ့ ကျင့်စဉ်ကလည်း မှားယွင်းနေတာနဲ့ သနားလို့ ပြောမှိတာပါသူဌေးမင်း၊
အေးအေး ငါ့တူမလေး သနားတာ သိပ်ကောင်းသွားတယ်၊ အဲဒီပုဏ္ဏားကြီးဟာတူမလေးနှင့် တွေ့ပြီးတဲ့နောက် ဘုရားထံမှောက်သွား၊ ဥပါသကာအဖြစ်ခံယူ၊ သီလတွေဆောက်တည်၊ ဘုရား ရှင်ရဲ့ တရားတော်ကို နာကြားရပြီး ရဟန်းပြုသွားတာ တရားတွေအားထုတ်လို့ ခုတော့ တေ၀ိဇ္ဇ
ရဟန္တာဖြစ်သွားပြီးတဲ့။(တေ၀ိဇ္ဇ - ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယ ဥာဏ် ) သူကိုယ့်သူတောင် အရင်က “ ဝေဒသုံးပုံကို တတ်ကျွမ်းတဲ့သူ၊ အခုတော့ ၀ိဇ္ဇာ သုံပါး ကို ပိုင်ဆိုင် တဲ့သူ ” ဖြစ်ပြီးလို့တောင် ဥဒါန်းကျူးနေပြီးတဲ့ ငါ့တူမရဲ့၊ အင်း င့ါတူမက ပုဏ္ဏား ကြီးကို ဘ၀က လွတ်မြောက်အောင် သံသရာက လွတ်မြောက်အောင် ကယ်တင်လိုက်တာ ပါပဲကွယ်။
ရဟန္တာဖြစ်သွားပြီးတဲ့။(တေ၀ိဇ္ဇ - ပုဗ္ဗေနိဝါသာနုဿတိဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသ၀က္ခယ ဥာဏ် ) သူကိုယ့်သူတောင် အရင်က “ ဝေဒသုံးပုံကို တတ်ကျွမ်းတဲ့သူ၊ အခုတော့ ၀ိဇ္ဇာ သုံပါး ကို ပိုင်ဆိုင် တဲ့သူ ” ဖြစ်ပြီးလို့တောင် ဥဒါန်းကျူးနေပြီးတဲ့ ငါ့တူမရဲ့၊ အင်း င့ါတူမက ပုဏ္ဏား ကြီးကို ဘ၀က လွတ်မြောက်အောင် သံသရာက လွတ်မြောက်အောင် ကယ်တင်လိုက်တာ ပါပဲကွယ်။
အော် ( အံသြသွားသော ကျမ၏ အာမေတိတ်သံ ဖြစ်ပါ၏ ) ၀မ်းသာလိုက်တာ သူဌေးမင်းရယ်၊
ကျမ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ မထင်မှိပါဘူး။ အခုလို အာသဝေါကင်းတဲ့ ရဟန္တာ အဆင့်ထိ ဖြစ်သွားပြီးဆို သိပ်ဝမ်းသာတာပဲ သူဌေးမင်းကြီးရယ်၊
အေး ဒီထက် ၀မ်းသာစရာ ရှိသေးတယ်။ ဘာများပါလိမ့် သူဌေးမင်းကြီး၊ငါ့တူမကို အထူးဆု ဆုချတဲ့အနေနဲ့ “ ကျွန်အဖြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ” ပေးလိုက်ပြီ။
ရှင် . (ကျမ ၀မ်းသာလွန်း၍ ရှင်မှလွဲ၍ ဘာစကားမှ ဆက်မပြောနိုင်တော့၊ မျက်ဝန်းနှစ်ဖက်မှ မျက်ရည်နုလေးများပင်ဥလာလေပြီ)၊အေး ဟုတ်တယ်၊ငါ့တူမဘ၀ကို င့ါတူမ ပိုင်သွားပြီ၊ ကြိုးစား သမျှ င့ါတူမဘ၀ ရှင်သန်ဖို့ အတွက်ချည်းပဲ ဖြစ်သွားပြီလေ၊
ဘ၀ရှင်သန်ဖို့တဲ့၊ ကျမ ဖြတ်ခနဲ သတိယလိုက်တယ် “ ဘေ၀၀ါဟံ ဘယံ ဒိသွာ ” ဘုရားရှင်က
ဘ၀ကို ဘေးလို့ ရှု့မြင်ရမယ်တဲ့။ငါ ဘ၀ကို ရှင်သန်ဖို့ လုပ်စရာ မလိုဘူး၊ဘ၀မှ လွတ်မြောက် အောင်ပဲ လုပ်ရမယ်၊ ဘ၀လွတ်မြောက်ဖို့ဆိုရင်..
သူဌေးမင်းကြီး ခွင့်ပြုမယ်ဆိုရင် ကျမ သာသနာ့ဘောင်ဝင်ရောက်ပြီးတော့ ဘိက္ခူနီ(ရဟန်းမ) ပြုပါရစေလို့ ခွင့်တောင်းလိုက်တယ်။သူဌေးမင်းကလည်း သာသနာတော်ကို ထောက်ပန့် ကြည် ညိုသူ၊ နောက်ပြီးတော့ သောတာပန် ကျောင်းဒကာဆိုတော့ ကျမကို ကြည်ဖြူစွာပဲ ခွင့်ပြု လိုက်ပါတယ်၊
ကျမ သူဌေးကြီးရဲ့ခွင့်ပြုချက်အရ ဘိက္ခူနီ ကျောင်းကိုသွားပြီး လှပနက်မှောင် ကျော့ရှင်းနေတဲ့ ဆံကေသာများကို တိခနဲ တိခနဲ ပယ်လိုက်ပါတယ်၊ အင်း ဆံပင်တွေတော့ ပယ်ပြီးပြီး ၊ ငါ ဆက် ပြီးတော့ ကိလေသာတွေပဲ ပယ်ဖို့လိုတော့တယ်လို့ တွေးနေမှိပါတယ်၊ ကျမ ဘိက္ခူနီ ဖြစ်သွား ပါပြီ၊ဘိက္ခူနီတို့ရဲ့ သီလသိက္ခာကို ဖြူစင်အောင် ကျမ ထိမ်းပါတယ်၊သီလ၀ိသုဒ္ဓိ ဖြစ်နေပြီးပေါ့၊ သီလပေါ် အခြေခံပြီးတော့ ၀ိပဿနာတရား ကြိုးစား အားထုတ်လိုက်တာ မကြာခင်မှာပဲ ကျမ ဟာ “ အတ္ထပဋိ သမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါလို့ ခေါ်ဆိုတဲ့ - ပဋိသမ္ဘိဒါလေးပါး ” နှင့်တကွ အာသဝေါကင်းတဲ့ ဘိက္ခူနီ တစ်ပါး ဖြစ်သွားပါတော့တယ်။
ကျမရဲ့ ဒီဘ၀ဟာ နောက်ဆုံးဘ၀ ဖြစ်သွားပါပြီ၊သံသရာကို ဆွဲဆန့်တတ်တဲ့ “ တဏှာ မာန ဒိဋ္ဌိ
ဘာ တစ်ခုမှ မရှိတော့ပါဘူး၊ကိလေသာအားလုံး ချုပ်ငြိမ်းသွားပြီးဖြစ်လို့ အေးငြိမ်းတဲ့“ အမတ ရသ ” ကို ကျမ ခံစားခွင့် ရသွားပါပြီ၊
မွေးဖွါးစဉ်က ကျွန်တရာမြောက် မွေးဖွါးသူလေးဖြစ်လို့ “ ပုဏ္ဏာ ” လို့ ပေးခဲပါတယ်၊ အခုတော့
ကျမရဲ့ ဒီဘ၀ဟာ နောက်ဆုံးဘ၀ ဖြစ်သွားပါပြီ၊သံသရာကို ဆွဲဆန့်တတ်တဲ့ “ တဏှာ မာန ဒိဋ္ဌိ
ဘာ တစ်ခုမှ မရှိတော့ပါဘူး၊ကိလေသာအားလုံး ချုပ်ငြိမ်းသွားပြီးဖြစ်လို့ အေးငြိမ်းတဲ့“ အမတ ရသ ” ကို ကျမ ခံစားခွင့် ရသွားပါပြီ၊
မွေးဖွါးစဉ်က ကျွန်တရာမြောက် မွေးဖွါးသူလေးဖြစ်လို့ “ ပုဏ္ဏာ ” လို့ ပေးခဲပါတယ်၊ အခုတော့
ကျမဟာ နာမည်နှင့်အလိုက်ဖက်ဆုံးဖြစ်တဲ့ တရားပြည့်ဝသော ပုဏ္ဏာထေရီ ဘိက္ခူနီမလေး ဖြစ်သွားပါပြီး။
ပြီးပါပြီ - ကောင်းသစ်.
No comments:
Post a Comment