.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..
Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts

Monday, February 13, 2012

ငါးနှင့် ကျီး

ငါးဟာ “ အစာပဲ ”  ကြည့်တတ်တယ်၊
ဒါပေမဲ့ ကျီးကန်းကတော့ “ အစာရော ရန်သူရော ” ကြည့်တတ်တယ်။
ဒါ့ကြောင့် ငါးဟာ ရန်သူ့လက် ကျရောက်လွယ်တယ်၊
ကျီးကန်းကတော့ ရန်သူလက် ကျရောက်ခဲတယ်။
ငါးလိုမနေနဲ့ ကျီးလို နေပါ။

(ကျီးတို့၏ ကောင်းသောအကျင့်များ)
၁။ လျှို့ဝှက်သောအရပ်၌သာ ကာမအမှုပြုခြင်း၊
၂။ အကြိမ်များစွာ ရှုခြင်း၊
၃။ အစားအစာကို ဆွေမျိုးတို့နှင့်တကွ စားခြင်း၊
၎။ ရန်သူကို အမြဲဂရုပြုခြင်း ( သတိအမြဲရှိခြင်း)၊
၅၊ မတွယ်တာခြင်း၊

ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဘို့ထက်
တော်အောင်နေဘို့က  ပိုအရေးကြီးတယ်။

ပြည့်စုံတယ်ဆိုတာ ရောင့်ရဲသူ အတွက်ပါ။

မိတ်ကောင်းဆိုတာ ( ပညာ ပစ္စည်း ပါဝါကြောင့် ) စိတ်မပြောင်းသူကို
ခေါ်တာပါ။
                            ( ဖတ်ဘူးသည်များကို ပြန်လည်တင်ပြခြင်း)
                                

မထေရ်မြတ်တို့ စကား

မေတ္တာလွန်သော် ရာဂဘက်သို့ လဲတတ်သည်၊
မလဲစေရ ကရုဏာသို့ ခုန်လိုက်ပါ။

ကရုဏာလွန်သော် ဒေါသဘက်သို့ လဲတတ်သည်၊
မလဲစေရ မုဒိတာသို့ ခုန်လိုက်ပါ။

မုဒိတာလွန်သော် ဟာသဘက်သို့ လဲတတ်သည်၊
မလဲစေရ ဥပေက္ခာသို့ ခုန်လိုက်ပါ။

ဥပေက္ခာလွန်သော် ကောသဇ္ဇဘက်သို့ လဲတတ်သည်၊
မလဲစေရ ၀ီရိဘက်သို့ ပြောင်းလိုက်ပါ။

ဝီရိယလွန်သော် မြောက်၊ သမာဓိငြမ်းကို ထောက်လိုက်ပါ။
သမာဓိလွန်သော် ကြောက်၊ ပညာတံခွန်ဆောက်လိုက်ပါ။
                                             (မိစ္ဆာ သမ္မာပဋိပဒါကျမ်း)

Sunday, December 11, 2011

ရွှေကျေး ဖြစ်စေချင်

ရွှေပင်ပေါ်နားပြီး ရွှေကျေးဖြစ်ချင်ဖြစ်
ရွှေကျေးမဖြစ်ပဲ ကျီးကန်းဖြစ်နေရင် ပိုပြီး အရုပ်ဆိုးတယ်.။

ဒုက္ခရောက်ချင် ရောက်ပါစေ.
မှန်သောစကားကိုသာ ပြောပါ ။
ရွှေပုံပေါ်တင်ပို့သော မုသာဝါဒသည် ပို၍ ကြောက်စရာကောင်းသည်။

မြင့်မြတ်တဲ့နေရာမှာနေရင် မြင့်မြတ်အောင် နေပါ။

အကုသိုလ်အရာမှာ မုသာဝါဒဟာ ကြောက်စရာအကောင်းဆုံး အပြစ်အကြီးဆုံးဘဲ။
မုသာပြောတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကုသိုလ် (တစ်စက်မှ ) မကျန်ဘူး၊ အကုသိုလ် အတုန်းအခဲကြီး
ရှိနေမှာဘဲ၊ ကုသိုလ်အရာမှာတော့ “ သစ္စာ ” ဟာ အင်အားအကြီးဆုံးဘဲ။

ဘုရားပေးတဲ့ဆွမ်းကို ဘုဉ်းပေး။ ဘုရားပေးတဲ့ သင်္ကန်းကိုဝတ်၊ ဘုရားပေးတဲ့ကျောင်းမှာနေတဲ့
ဦးဇင်းတို့ကမှ ဘုရားကို မကြည်ညိုရင် ဘယ်သူ ဘယ်ဘာသာခြားကလာပြီး ကြည်ညိုမှာလဲ။
ကုသိုလ် ပညာ ဥစ္စာ တစ်ခုခုရအောင် ယူတတ်ရတယ်။
ဘုန်းကြီးဆိုတော့ ဥစ္စာတော့ ရှာစရာမလိုပါဘူး၊ ကုသိုလ် ပညာသာ ရအောင်ကြိုးစားပါ။
                             
                                                            ဦးဇယာဒိသာဘိဝံသ ( မစိုးရိမ်ဆရာတော် )









Saturday, December 10, 2011

ဖြစ်စေချင်သော သူ့ဆန္ဒ

စိတ်အားငယ်နေသူများအား စိတ်ဓာတ် တက်တက်ကြွကြွ ရှိလာစေချင်၏။

တွေဝေနေသူများအား “ မိမိ ဘာလုပ်သင့်သည် ” ဟု ဆုံးဖြတ်နိုင်စေလို၏။

ရောင့်ရဲတင်းတိမ်မှု မရှိသူများအား ရောင့်ရဲတင့်တိမ်မှုရှိလာအောင် ပြုလုပ်ဘို့
သတိရှိလာစေချင်၏။

အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်လိုသည့်စိတ် မရှိသူများအား စွဲစွဲမြဲမြဲလုပ်မှဖြစ်မည်ဟု
သိရှိလာစေချင်၏။

ကိုယ်ပိုင်အသိဥာဏ်မရှိပဲ ရှေ့တန်းတက်ဘို့ချည်း စိတ်ကူးနေသူများကို အချိန်မီ
သတိပေးလို၏။

စာမေးပွဲအောင်ရုံဖြင့် ငါ ( စာ )တတ်ပြီဟု  အထင်ကြီးနေသူများကို ငါ ဘာတွေလိုနေ
သေးသည်ဟု သိမြင်လာစေချင်၏။

ပုဂ္ဂိုလ်တစ်ဦးဦး ( သို့မဟုတ် ) အုပ်စုတစ်စု၏ အရှိန်အ၀ါကို မှီခိုပြီး အချောင်ရေသာခို
 နေလိုစိတ်ရှိသူများအား မိမိကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားစေချင်၏။
           
                        ဦးနာရဒါဘိဝံသ (မစိုးရိမ် ဆရာတော်၏ ) သြ၀ါဒ ကောက်နှုတ်ချက်။



















Thursday, September 22, 2011

မိုးရွာတုန်း ရေခံထားကြ


                                                  ပုဂ္ဂိုလ် (၄) မျိုး
ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊
ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့ တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ ပြီ၊ လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း
 ဘုရားစစ် ဘုရားမှန်၊ တရားစစ်တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ
 ကြိုးစားကြ အချိန်မီသေးတယ်။

                                      ခွင့်သာတုန်း ရုန်းသွားကြ
ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေ
လည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလေလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား…..တဲ့။
ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။

                            လက်မှတ်ရအောင် ယူထားကြ
ဘုန်းကြီးတို့ရော ယောဂီတို့ ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာဘုရား၊ ရဟန္တာမှတပါး  ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်းတွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့ မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံး မခြင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”

                                       အရွယ်သုံးပါး
ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး
အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရား အားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။ မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ခှုတော့ လောကီရော  လောကုတ္တရာရော ဘာမှမရတော့“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်းအတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။

                                       မိုးရွာတုန်း ရေခံထားကြ
ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူပြောင်းလဲနေတာ။  ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊
 လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေ
မခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။

                                        ကိုယ့်ဘက်က လိုတာ
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခဲ့ဖို့“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ  မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”
ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့ ငဲ့ညာတော်မူလို့ထားခဲ့တာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။

                                                 အအေးနဲ့ အပူ
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..
မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ
အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။

                                              မောင်းထောင် မြေဇင်းတောရဆရာတော်ကြီး၏
                                                           သြ၀ါဒ . ကောက်နှုတ်ချက်

Sunday, April 3, 2011

အရှင်အာနန္ဒာ၏ယူဆချက်

မြတ်စွာဘုရား အပေါင်းအသင်းကြောင့် သူတော်ကောင်းတရား တစ်ဝက်တိုးပွါးနိုင်မယ်လို့
တပည့်တော် ယူဆပါ၏တဲ့။
အရှင်အာနန္ဒာက ဘုရားကို လျှောက်ထားတော့ ဘုရားရှင်က သူတော်ကောင်းတရား
တစ်ဝက်မကပါဘူး၊ အကုန်အပြည့်တိုးပွါးပါတယ်လို့ ပြန်လည်ဖြေကြားဖူးတယ်။
ဒါ့ကြောင့်  ကိုယ့်ထက် အနေအထိုင်ရော ပညာရေးပါ သာလွန်တဲ့ပုဂ္ဂိုလ်တွေကို ပေါင်းသင်း
ပေးကြပါ။ ယီးတီယားတား ပုဂ္ဂိုလ်တွေနဲ့ မပေါင်းပါနဲ့။

                                                                    မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Thursday, March 31, 2011

အလုပ်နဲ့ သက်သေပြပါ

တစ်ချို့က လေထဲ တိုက်ဆောက်နေကြတာ၊ စကားနဲ့ ကြွားနေကြတာ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို
ဘယ်သူမှ အထင်မကြီးဘူး၊ အထင်တောင် သေးသေးတယ်၊ ကိုယ့်ရဲ့ ကံအား ဥာဏ်အား
ဝီရိယအားတွေ ရှိနေတာပဲ၊ ကံ  ဥာဏ် ၀ီရိယ အသုံးချပြီးတော့ အလုပ်လုပ်ရမှာပါ၊ ကံ  ဥာဏ်
ရှိပေမဲ့ ၀ီရိယမရှိပြန်ရင်လည်း မဖြစ်ပါဘူး၊ အရေးကြီးတယ်၊

ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ “ မကြိုးမကုတ် အားမထုတ်မူ
လူ မလုံ့လ နတ်မ.မတည့်၊ ပယောဂစက် ပျက်သည့်သူအား လူကိုထား၍ ဘုရားသော်မှ ကယ်
မရဘူး ” လို့ ဆိုထားတယ်၊
ဒီနေရာမှာ ပယောဂဆိုတာ လုံ့လ၀ီရိယကို ပြောတာ၊ ၀ီရိယရှိရှိ အလုပ် လုပ်ကြပါ၊ ဘယ်နေရာ
မဆို အလုပ်နဲ့ သက်သေပြရမယ်..။

                                                      မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Tuesday, March 29, 2011

အလိုမပြည့်သူ သုံးဦး

“ တင်းတိမ်ရောင့်ရဲ လောဘနဲ အမြဲချမ်းသာ မင်္ဂလာ ” တဲ့။
နေရာတိုင်းမှာ သတိနဲ့ ထိမ်းပါ၊ လိုချင်တာတွေ ပြောနေလျှင် တစ်နှစ်လုံးပြောလည်း
မကုန်ပါဘူး၊ လောကမှာ အလိုမပြည့်သူ သုံးဦးရှိတယ်၊ မဟာသမုဒ္ဒရာကြီးရယ်
မီးပုံကြီးရယ် လောဘကြီးသူရယ်တဲ့၊ မဟာသမုဒ္ဒရာကြီးဟာ မြစ်ကြီးငါးသွယ် မြစ်ငယ်
ငါးရာကနေ ရေတွေ ဘယ်လောက်ပဲလာလာ တော်ပါပြီလို့ ဘယ်တော့မှ မပြောဘူး။
မီးပုံကြီးကလည်း လောင်စာတွေ ဘယ်လောက်ထည့်ထည့် တော်ပါပြီလို့ ဘယ်တော့မှ
မပြောဘူး၊ လောဘကြီးသူလည်း ထို့အတူပဲ၊ ဘယ်လောက်ပစ္စည်းတွေ ရရ၊ တော်ပါပြီလို့
ဘယ်တော့မှ မပြောဘူး၊ ဘယ်တော့မှ အလိုမပြည့်ဘူး၊အမြဲတမ်း လိုနေတာပဲ။
                                              
                                                               မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Sunday, March 27, 2011

အလှဆင်ခြင်း


လူတိုင်းဟာ အလှကို လိုချင်ကြတယ်၊ ရုပ်လှတာထက် စိတ်နေစိတ်ထားလှဖို့က
ပိုပြီး အရေးကြီးတယ်၊ ရုပ်လှပေမဲ့ စိတ်ထားညံ့ရင် ဘယ်သူမှ မသုံးဘူး။
ရဟန်းတော်များ လှချင်ရင် ဘုရားစကား နားထောင်ရတယ်၊
တပည့်များ လှချင်ရင် ဆရာ့စကား နားထောင်ရတယ်၊
သားသမီးများ လှချင်ရင် မိဘစကားနားထောင်ရတယ်၊
ဒါမှ ကိုယ်စီကိုယ်ငှ အလှတွေ ဝေနေမှာပေါ့။

ပြင်တယ်ဆိုတာ ရုပ်ကိုပြင်တာရယ် နာမ်ကို ပြင်တာရယ် နှစ်မျိုးရှိတယ်။
အဲဒီ နှစ်မျိုးထဲမှာ နာမ်ကိုပြင်တာက အဓိကကျတယ်၊ သူများကို ပြင်စေချင်ရင်
ကိုယ့်ကိုယ်ကို အရင်ပြင်ပါ။

မိမိအကျိုး သူတစ်ပါးအကျိုး ပြီးစေတတ်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊
တနည်းပြောရရင် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊ မသူတော်ကတော့ ဒီလို မဟုတ်ဘူး။
ဝိရောဓိ ဖြစ်သွားပြီ၊ ဒါကြောင့် သူတော်ကောင်းနဲ့ မသူတော်ဆိုတာ ဆက်စပ်လို့
ရတာ မဟုတ်ဘူး၊ မိုးနှင့်မြေပမာ ကွာခြားတယ်။
                                                      (မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)


Tuesday, March 22, 2011

နည်းနည်းပြော များများလုပ်

မြတ်စွာဘုရား မိန့်တော်မူထားတာ ရှိတယ် - ယထာ ၀ါဒီ တထာ ကာရီ - ပြောတဲ့အတိုင်းလုပ်ပြီး
လုပ်တဲ့အတိုင်း ပြောရမယ်တဲ့၊ ဒါနဲ့ ပါတ်သက်လို့ မင်းကွန်း တိပိဋကဆရာတော်ကြီး မိန့်တော်မူ
တာလည်း ရှိတယ်၊ မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ၊အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့
မလွတ်ချေ - တဲ့။
အလုပ်မလုပ်ပဲ လေလုံးထွားနေရင် ကဲ့ရဲ့ မလွတ်ဘူးတဲ့၊ဒါကြောင့် နည်းနည်းပြောပြီး များများ
အလုပ်လုပ်ပါ။
                                     မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

Sunday, March 20, 2011

ထုံးတမ်းစဉ်လာ

ကိုယ့်အောက်တန်းတူ အမြတ်လူနှင့် မှတ်ယူမြဲသို သုံးပုဂ္ဂိုလ်တွင် အောက်ကိုသနား တန်းတူအားကို မြှောက်စား ရှုတ်ချ မပြုရဘူး၊ ထက်ကလူမှာ ရိုသေရာ၏ - တဲ့။
ကိုယ်နှင့်ယှဉ်ပြီး ပုဂ္ဂိုလ်သုံးမျိုးကို အတန်းအစား သတ်မှတ်လို့ရတယ်၊ ကိုယ့်အောက် အဆင့်အတန်း နိမ့်သူကို သနားရမယ်၊ ကိုယ်နှင့်တန်းတူ ပုဂ္ဂိုလ်ကို မနှိမ့်ချရဘူး၊မြှောက်စားရမယ်၊
ကိုယ့်ထက်မြတ်သူကို ရိုသေရမယ် - တဲ့။ ဒီလို လောက ထုံးတမ်းစဉ်လာတွေလည်း ရှိတယ်။
                                                    (မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)

Tuesday, March 1, 2011

မွေးနေ့

မွေးနေ့ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ်ဖြစ်တယ်၊ “ ငါသည် တစ်နှစ်ပို၍ သေဘက်
နီးလာပြီ ” ဟု မွေးနေက သတိပေးနေတာဖြစ်တယ်။ အောက်ပါလင်္ကာကို မရသေးရင် ရအောင်
ကျက်ပြီး မရဏာနုဿတိဘာဝနာဖြစ်အောင် ရွတ်ပါ။
         ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြများလှပြီ၊
         ခဏမစဲ အိုစမြဲ ကိုယ်လည်းသေဘက်နီးခဲ့ပြီ၊
         မသေရမီ ပါရမီ ငါသည်ဖြည့်မှ သင့်တော်မည်။

ချမ်းသာသုခဟာ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှုနှစ်မျိုးအနက် ကိုယ်ချမ်းသာမှုထက် စိတ်ချမ်း
သာမှုက ပိုပြီးချမ်းသာတယ်။
စိတ်ချမ်းသာမှုမှာလည်း လောဘနှင့်ပျော်၍ ချမ်းသာမှုဟာ နောက်က ကပ်လျှက်သော်လည်း
ကောင်း အတော်ဝေးဝေးက ခွါလျှက်သော်လည်းကောင်း ဒုက္ခအမြဲပါနေတယ်။
ဒါ့ကြောင့် လူအများစုရဲ့ လောဘနှင့်ပျော်၍ချမ်းသာမှုဟာ တကယ့်ချမ်းသာ မဟုတ်ပါ။
ဆင်းရဲဖို့အကြောင်း ဒုက္ခအပေါင်းသာ ဖြစ်တယ်။

အလုပ်မလုပ်ပဲ အသက်ရှင်၍မနေလို၊ အသက်နှင့်ခန္ဓာကိုယ် မြဲနေသရွေ့ နိုင်ငံနှင့်သာသနာ
တော်အတွက် အလုပ်လုပ်ရမယ်၊ လူတိုင်း လူတိုင်း မသေအောင် ကြိုးစားနေကြတယ်၊
မသေခင် ဘာလုပ်ကြမလဲ ?
အခြွေအရံ အကျော်အစော လူ့စည်းစိမ် ချမ်းသာဆင်းရဲတို့မှာ ပျက်စီးဆုံးရှုံးသေရဦးမည်ကား
မလွဲဧကန်တည်း၊ မိမိတို့ဘ၀ကို ပါရမီကုသိုလ်ဖြင့် ထုံမွှမ်းကြပါလေ. ။

                                                   အရမပူရ မဟာဂန္ဓာရုံဆရာတော်

Monday, February 21, 2011

သီလနှင့်ချမ်းသာ

သီလဟာ ဒီဘ၀ နောက်ဘ၀ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာကို
ပေးနိုင်တယ်၊ မေတ္တာ သစ္စာ ခန္တီတို့လည်း ကောင်းကျိုးကို ပေးနိုင်ပါတယ်။

သမုဒ္ဒရာရေဟာ မီးကြောင့်မကျွမ်းဘူး၊ မြင့်မိုရ်တောင်ဟာလည်း လေကြာင့်
မတုန်လှုပ်ဘူး၊ ကျောက်ခဲဟာလည်း ရေကြောင့် မကျေဘူး၊ ဒီလိုပဲ သူတော်
ကောင်းဟာလည်း မသူတော်ဖျက်တာကို မတုန်လှုပ်သင့်ဘူး။

အနေလည်းကောင်း စိတ်လည်းကောင်း၍ ကောင်းကောင်းပညာ တတ်မှသာ
ငါဟာကြီးပွါးမည်။
အနေမကောင်း စိတ်မကောင်း၍ ကောင်းကောင်းပညာ မတတ်ပါ
ငါဟာဆုတ်ယုတ်မည်။

သစ္စာဟာ မုသားနှင့်ပြောင်းပြန်ဖြစ်တယ်၊ ယခုခေတ် သစ္စာအလွန် နည်းကြတယ်၊
မုသားဟာ ငါးပါးသီလ ကိုယ်ကျင့်မှာတောင် အမြဲရှောင်ဖို့ ပါနေတယ်၊ သီလရှိသူ
ဟာ ကိုယ်ဖြစ်ချင်တဲ့အကျိုးကို ရနိုင်တယ်၊ သီလမရှိရင် ငရဲ တိရစ္ဆာန် ပြိတ္တာ
တစ်ခုခုနဲ့ လူနုံ လူမွဲ လူဆင်းရဲသာ ဖြစ်ရမယ်။

ကုသိုလ်စိတ်နဲ့ပျော်၍ ချမ်းသာခြင်းကား ယခုလည်း ချမ်းသာ၊ နောင်အကျိုးပေးတဲ့
အခါလည်း ချမ်းသာတယ်၊ နိဗ္ဗာန်အထိလည်း ချမ်းသာတယ်။ဒါ့ကြောင့် ကုသိုလ်
စိတ်မှာ အဆင့်ဆင့်တိုး၍တိုး၍ ချမ်းသာတဲ့ စိတ်ချမ်းသာမှုတွေရှိပါတယ်၊
ထိုချမ်းသာမှုကို စီးပွါးရေးလိုက်စားတဲ့လူများ မသိကြဘူး၊သိအောင်ကြိုးစားကြပါ။
                                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Saturday, February 19, 2011

မေတ္တာနဲ့ နေကြပါ

ကုသိုလ်ဆိုတာ အလိုလိုမရနိုင်ပါဘူး၊ လုပ်ယူမှ ရနိုင်တယ်၊ ရရှိတဲ့သဒ္ဓါတရားကို အသုံးချမှ
နောက်တော့ သဒ္ဓါထက်မယ်၊ ရရှိတဲ့ ၀ီရိယကို အသုံးချမှ နောက်တော့ ၀ီရိယထက်မယ်။

ဘုန်းကြီးဆိုတာ ကိုယ်က အယူချည်း မဟုတ်ရဘူး၊ ပေးလည်း ပေးရမယ်၊ ဘာပေးရမလဲ၊
ကလေးတွေကို ပညာသင်ပေးရမယ်၊ ဒကာ ဒကာမတွေကို တရားဟောပေးရမယ်၊တိုင်းပြည်ကို
တစ်ဖက်တစ်လမ်းမှ အကူအညီ ပေးရမယ်။

စီးပွါးဥစ္စာ ရှာတယ်ဆိုတာ လူချမ်းသာအောင် ရှာတာဖြစ်တယ်၊ စီးပွါးရှာမှုကြောင့် ကိုယ်ဆင်းရဲ
လွန်းရင်လည်းကောင်း စိတ်ဆင်းရဲလွန်းရင်လည်းကောင်း စီးပွါးရှာရကျိုး မနပ်ဘူး၊ ဒါကြောင့်
ကိုယ်လည်း သိပ်မဆင်းရဲ စိတ်လည်း ချမ်းသာနိုင်တဲ့ စီးပွါးရှာနည်းကို စဉ်းစားကြပါ။
(ဒီဘ၀ စီးပွါးရှာမှုကြောင့် နောက်ဘ၀သံသရာမှာ သီလပျက်၍ အပါယ်လေးပါး သွားရမယ် ဆို
ရင်ကား သာ၍ပင် ၀မ်းနည်းစရာ ကောင်းလှပါတယ်။)။

သိပ္ပံပညာ တိုးတက်လာလို့ အစားကောင်းတွေ စားရ၊ အ၀တ်ကောင်းတွေ ၀တ်ရ၊ အနေကောင်း
တွေ နေရပါတယ်၊ ဒါပေမဲ့ အကျင့်စာရိတ္တဘက်က တိုးတက်မှု မရှိတာကြောင့် စိတ်ချမ်းသာမှု မရ
ကြတော့ပါဘူး၊ ဗုဒ္ဓတရားတော်ကို  သိမှသာ စိတ်ချမ်းသာမှု ရနိုင်ပါတော့မယ်။

ဗုဒ္ဓမြတ်စွာကို အာရုံပြုပြီး အမြဲတန်း မေတ္တာနဲ့နေရင် သာမာန်လူတွေထက် “ ကံ ” နဲ့ အရှိန်အ၀ါ
မြင့်တယ်၊ဒါကြောင့် အမြဲ မေတ္တာနဲ့ နေကြပါ။

အာရုံတစ်ခုခုမှာ စွဲလမ်းနေရင် ငါးမျှားချိတ်မိတဲ့ ငါးနှင့်တူတယ်။

လူတွေဟာ ဘာလေးပဲဖြစ်လိုက်ဖြစ်လိုက် ကံချည်းပဲ အောက်မေ့လိုက်ကြတာပဲ၊ ဘုရားရှင်ရဲ့
ဥာဏ် ၀ီရိယနှင့် ပြုပြင်မှု ကြိုးစားမှုကို အသားပေးဝါဒရှိပါလျှက် ကံချည်း ချထားတော့
သာသနာလည်း နာ၊ လူမျိုးလည်း နာတာပေါ့။
                                                    (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Tuesday, February 15, 2011

စာရိတ္တ

စာရိတ္တဟာ ကလေးတွေကတည်းက သင်ပေးမှဖြစ်တယ်၊ ကြီးမှသင်ရင်
မရတော့ဘူး၊မလွယ်တော့ဘူး၊ရုပ်ရှင်တို့ဘာတို့ဝင်တော့ သဘောကျကြတယ်၊
ဒီတော့ မြန်မာ့ သားသမီးတွေမှာ မြန်မာနှင့်မတူတော့ဘူး၊ကပြားလေးတွေ
ဖြစ်လာတယ်။

တတ်ရုံ မှတ်ရုံနဲ့ မကြီးပွါး၊ ကောင်းနိုးရာကို ရွေးချယ်ပြီး လိုက်နာပြုကျင့်မှ
ကြီးပွါးမယ်။

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ စွမ်းရည်သတ္တိဖြင့် အရာမရောက်နိုင်ပါ၊
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကောင်းမှ အထမြောက်တယ်။

ဘာသာ ယဉ်ကျေးမှုမရှိရင် ဘယ်လိုလုပ်မလဲ၊ဘာသာ ယဉ်ကျေးမှုမရှိရင်
ကျေးဇူးတရားကို အလေးထားတော့မှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် လူ့လောက
ပျက်စီးဖို့သာ ဖြစ်တယ်။

ဗုဒ္ဓသြ၀ါဒတရား လိုက်နာသူဟာ ဒီဘ၀မှာလည်း လူကောင်းသူကောင်း
တစ်ယောက်ဖြစ်နိုင်ပြီး စိတ်ချမ်းသာမှုကိုလည်း ရနိုင်ပါတယ်။
အပြစ်တစ်စုံတစ်ရာ မကျူးလွန်တဲ့အတွက် သေရမှာကို မကြောက်ပဲ
ဒီဘ၀ကို ရဲရဲကြီး စွန့်လွှတ်နိုင်သူလည်း ဖြစ်နိုင်ပါတယ်။

ပါရမီဆုကို မကျင့်ပဲ တောင်းနေရုံနဲ့ မရဘူး။
မတောင်းပဲ ကျင့်နေရင် ရပါတယ်။
                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)

Saturday, February 12, 2011

မသေခင် အသေဖြစ်တဲ့ နေ့

တစ်နေ့တာမှာ ကုသိုလ် ဥစ္စာ ကျန်းမာရေး အတတ်ပညာ တန်ခိုးဂုဏ်သိန်
ဒီငါးမျိုး တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်လွန်သွားတဲ့နေ့ဟာ ၀မ်းနည်းစရာ
အကောင်းဆုံး နေ့ပါပဲ၊(မသေခင်က အသေဖြစ်ရတဲ့ နေပါပဲ )။

ပထမ လူကြည်ညိုအောင် နေ၊ ဒုတိယ နတ်ကြည်ညိုအောင် နေ၊ တတိယ
မိမိကိုယ်မိမိ ကြည်ညိုအောင် နေပါ။

လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်၊
တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက်ကောင်းအောင်
ကြိုးစားရမယ်၊ လောဘ ဒေါသ မောဟတရားတွေမှာ နစ်မွန်းနေရင်
ချစ်ရာ မရောက်ပါဘူး၊ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။

မကောင်းမှုတစ်ခုကို လောကရိုးရာဆိုပြီး ကျူးလွန်နေကြပေမဲ့
အပြစ်ကတော့ အပြစ်ပါပဲ။
                                 (အမရပူရ မဟာဂန္ဓာရုံဆရာတော်)


Tuesday, February 8, 2011

ရွှေအိုးတွေ

မဂ်ရဖိုလ်မြင် ကျွတ်တမ်းဝင်ဖို့ဆိုတာ ဆုတောင်းနေရုံဖြင့် မပြီး၊
ပါရမီရအောင် ကြိုးစားမှ ဖြစ်မယ်။

လူ့ဘ၀တန်ဖိုးဟာ ကုသိုလ်ပါရမီနဲ့ စိတ်ကောင်းနှလုံးကောင်းပဲ ရှိတယ်၊
ဂုဏ် လာဘ် ခြွေရံ ကျော်စောမှုကတော့ ပျက်ခဲ့တာချည်းပဲ။

ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လောဘ ဒေါသတိုးပွါးပြီး
ဆင်းရဲပင်ပမ်းတဲ့ လမ်းဆိုးကြီးကိုသာ ပျာယီးပျာယာ လိုက်နေကြတယ်၊
အေးချမ်းသာယာတဲ့ လမ်းကိုတော့ မမြင်နိုင် မကြားနိုင်အောင် ဖြစ်နေကြတယ်။

လူတွေဟာ ဖြစ်လာတဲ့ အခြေအနေကို ရုန်းကန်မယ်တော့ မကြံဘဲ
ကုန်းခံမယ်သာ စိတ်ကူးနေကြတယ်။

လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။
သီလ သမာဓိ ပညာတို့လည်း ရွှေအိုးတွေပါပဲ။

ကံကောင်းအောင် စောင့်မနေနဲ့၊ ကံကောင်းအောင် လူက
ကုသိုလ်ကောင်းမှု များများ လုပ်ပေးပါ။
                 (အမရပူရ မဟာဂန္ဓာရုံဆရာတော် )

Friday, February 4, 2011

နှစ်ဖက်မြင်

မေ့မေ့လျှော့လျှော့ နေသူကို ပြပါဆိုရင် သူများကိုသာ မပြကြနဲ့။ ကုသိုလ်ကိစ္စ မေ့သမျှအမေ့ချည်းပဲ။

သံသရာရေးကို မကြိုးစားပဲ ပစ္စက္ခကြီးပွါးရေးကိုသာ ကြိုးစားနေရင် တရားလမ်း မဟုတ်သေး။
သေခြင်းဟာ အဆန်းမဟုတ်ပါ၊ ကံ တစ်ခုနဲ့ ပိုင်းခြားလိုက်တဲ့ ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းပါပဲ။

မျက်စိကို ပစ္စုပ္ပန် တမလွန် နှစ်ဖက်ကြည့်ပါ၊မျက်ကွယ် တမလွန်ကို မမြင်နိုင်ရင် တစ်ဖက်ကန်းတာပဲ၊ဒီတော့ သုတရှိဖို့ လိုတယ်။

ဘာသာရေးနှင့်စပ်ပြီး အသိဥာဏ်တိုးဖို့ လမ်းမှန်ရောက်ဖို့ကလည်း သိပ်အရေးကြီးတယ်။
                                                         (အမရပူရ မဟာဂန္ဓ္ဓာရုံဆရာတော်)

Wednesday, February 2, 2011

သတိရှိမှ

တစ်ယောက်ထမ်းဝန်ကို နှစ်ယောက် သုံးယောက်ကူမ ထမ်းနေခြင်းဖြင့် အကျိုးမထူးနိုင်။

အစားကောင်း အနေကောင်း အ၀တ်ကောင်းတိုင်း ချမ်းသာတာမဟုတ်ဘူး၊ တဏှာ
လောဘ ဒေါသနည်းရင် ချမ်းသာတာပဲ။

မကောင်းတဲ့ အာရုံများကြတော့ အလကားပေါ်တယ်၊ ကောင်းတဲ့ အာရုံများကြတော့
သတိရှိမှ ပေါ်တယ်၊( သတိဆိုတာ ပိုတယ်မရှိ၊ လိုတာသာ ရှိတယ်၊)

အရာရာမှာ ပထမ ဗဟုသုတရှိဖို့၊ ဒုတိယ သတိထားဖို့၊  တတိယ မှန် မမှန် စုံစမ်းဖို့နဲ့၊
စတုတ္ထ ၀ီရိယနဲ့ အလုပ်လုပ်ဖို့ပဲ၊။

သံသရာကြီးထဲမှာ ဆွေတွေ မျိုးတွေကတော့ မဆန်းပါဘူး၊ သူတော်ကောင်းအဖြစ်
တွေ့ရမှ တန်ဖိုးရှိပါတယ်။    ( အမရပူရ မဟာဂန္ဓာရုံဆရာတော် )

Monday, January 31, 2011

ကိုယ်ပိုင်ဥာဏ်ရှိကြပါ

ကိုယ်ပိုင်ဥာဏ်မရှိကြရင် အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း
ဘာသာရေး မှိုင်းတိုက်ခံရမယ်။

ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ကြပေမဲ့ မမုန်းမှ ကောင်းတယ်။

ငါသည် ဘယ်လိုငါဖြစ်ထိုက်သနည်း။ငါသည် ငါအကြည်ညိုခံရသော ငါ
ဖြစ်ထိုက်သည်။သူတစ်ပါးကို ညာဝါးလို့ရသည်၊င့ါကိုယ်ငါ ညာဝါးလို့မရ။
မည်သူမဆို မိမိကိုယ့်ကို မိမိ ကြည်ညိုခံရသူဖြစ်အောင် ကြိုးစားရမယ်။

အရှိန်အ၀ါမဲ့တာထက် အလိမ်အမာမဲ့တာကသာပြီးခက်ပါတယ်။

လူတိုင်းဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် ရှိကြရမယ်။

ပျော့လွန်းရင် အစော်ကား ခံရတတ်တယ်၊မာလွန်းရင် ရန်များတတ်တယ်။
ဒါ့ကြောင့် မလျော့မတင်း နေတတ်ကြပါ။
                                            (အမရပူရ မဟာဂန္ဓာရုံဆရာတော်)