ထိုလူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးစသူတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထိုလူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာ
မျိုးကို ကောင်းစွာ ထားအပ်သော စိတ်သည်သာလျှင် ထို မိဖဆွေမျိုးတို့ထက်
တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏၊
( သောရေယျဝတ္ထု)
ခိုးသူ တစ်ယောက်သည် ခိုးသူ တစ်ယောက်ကို မြင်သော် ပျက်စီးအောင် ပြုရာ၏၊
ရန်သူ တစ်ယောက်သည် ရန်သူ တစ်ယောက်ကို မြင်သော် ပျက်စီးအောင် ပြုရာ၏။
မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင်
ယုတ်ညံ့အောင် ပြုနိုင်၏။
(နန္ဒဂေါပါကလ၀တ္ထု)
မိုက်သောသူသည် မိမိ မိုက်သည်၏ အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ
ဖြစ်နိုင်သေး၏၊မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား
တိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။
(ဂဏ္ဋိဘေဒကစောရ ၀တ္ထု)
မိုက်သောသူသည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊
ထိုရွေ့ကလောက်မကောင်းမှုကိုပျားသကာကဲ့သို့ မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည်အကျိုးပေး၏၊ထိုအခါ၌ဆင်းရဲသို့ရောက်ရ၏။
( ဥပ္ပလ၀ဏ္ဏတ္ထေရီဝတ္ထု)
( ဥပ္ပလ၀ဏ္ဏတ္ထေရီဝတ္ထု)
မကောင်းမှု ပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း၊ (မကောင်းမှုမှ မလွတ်ရာ)။အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ (မကောင်းကျိုးပေးခြင်းမှ ) လွတ်ရာ၏၊ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။
(တယောဇန၀တ္ထု)
No comments:
Post a Comment