ခရီးသွားရင်း . .
ဘ၀မျိုးစုံကို မြင်တွေ့ခဲ့ရ၍ အသိမျိုးစုံကို ရရှိခဲ့သည်။
အသွင်မျိုးစုံကို မြင်တွေ့ရ၍ ဗဟုသုတမျိုးစုံကို ရရှိခဲ့သည်။
ကိုယ်လုပ်မှ ကိုယ်စားရမည်ဖြစ်၍ ဆင်းရဲပင်ပမ်းစွာ ရုံးကန်လှုပ်နေရသူများ
ကိုယ်သွားမှ ကိုယ်ရောက်မည်ဖြစ်၍ ခရီးတွင်တွင် နှင်နေသူများ . . ...
မိသားစုမေတ္တာထက် ငွေကြေးကိုသာ အဓိကထား ရှာဖွေနေသူများ
ငွေကြေးရှိပါလျှက် သောကပင်လယ်ဝေနေရသူများ
ရခဲသော လူ့ဘ၀ကို တန်ဘိုးထားရမှန်း မသိကြ၍
ပျော်ပါး မော်ကြွား ဒုစရိုက်များဖြင့် အချိန်ကို ဖြုန်းတီးနေသူများ
မတည်မြဲသော (အနိစ္စ) သဘောကို ဂရုမပြုကြပဲ မိမိတို့၏ဘ၀ အလှ ဓနများကို
ထာဝရဟု ထင်မှတ်ကာ မာန်မာနတက်နေကြသူများ . . . ...
လူသားများ ဖြစ်ပါလျှက် ကျေးဇူးမသိတတ်သူများ ကျေးစွပ်သူများ ကျေးဇူးကန်းသူများ
ပညာတတ်၍ စိတ်ထား မမြတ်သူများ အပြင် . . .
မိမိအပြစ်ကို မစောကြောပဲ သူတစ်ပါးကိုသာ အပြစ်ပြောနေသူများ
အသိကို အကျင့်အတွက် အသုံးမချသူများ
မိမိပြုဘူးသော ကျေးဇူးကိုသာ ဂုဏ်ဖေါ်ပြောဆို၍ သူတစ်ပါးက မိမိအပေါ်ပြူဘူးသော
ကျေးဇူးတရားကို မသိယောင် မရှိယောင် ဆောင်နေသူများ
ရုပ်သာလှ၍ စိတ်မလှသူများနှင့် ရုပ်မလှသော်လည်း စိတ်ထားလှသူများကို ကြုံတွေ့ခဲ့ရပါ၏။
ကောင်းသစ်..

No comments:
Post a Comment