လူတိုင်းဟာ အလှကို လိုချင်ကြတယ်၊ ရုပ်လှတာထက် စိတ်နေစိတ်ထားလှဖို့က
ပိုပြီး အရေးကြီးတယ်၊ ရုပ်လှပေမဲ့ စိတ်ထားညံ့ရင် ဘယ်သူမှ မသုံးဘူး။
ရဟန်းတော်များ လှချင်ရင် ဘုရားစကား နားထောင်ရတယ်၊
တပည့်များ လှချင်ရင် ဆရာ့စကား နားထောင်ရတယ်၊
သားသမီးများ လှချင်ရင် မိဘစကားနားထောင်ရတယ်၊
ဒါမှ ကိုယ်စီကိုယ်ငှ အလှတွေ ဝေနေမှာပေါ့။
ပြင်တယ်ဆိုတာ ရုပ်ကိုပြင်တာရယ် နာမ်ကို ပြင်တာရယ် နှစ်မျိုးရှိတယ်။
အဲဒီ နှစ်မျိုးထဲမှာ နာမ်ကိုပြင်တာက အဓိကကျတယ်၊ သူများကို ပြင်စေချင်ရင်
ကိုယ့်ကိုယ်ကို အရင်ပြင်ပါ။
မိမိအကျိုး သူတစ်ပါးအကျိုး ပြီးစေတတ်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊
တနည်းပြောရရင် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်သူကို သူတော်ကောင်းလို့ ခေါ်တယ်၊ မသူတော်ကတော့ ဒီလို မဟုတ်ဘူး။
ဝိရောဓိ ဖြစ်သွားပြီ၊ ဒါကြောင့် သူတော်ကောင်းနဲ့ မသူတော်ဆိုတာ ဆက်စပ်လို့
ရတာ မဟုတ်ဘူး၊ မိုးနှင့်မြေပမာ ကွာခြားတယ်။
(မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်)
No comments:
Post a Comment