နေရာတိုင်းမှာ သတိနဲ့ ထိမ်းပါ၊ လိုချင်တာတွေ ပြောနေလျှင် တစ်နှစ်လုံးပြောလည်း
မကုန်ပါဘူး၊ လောကမှာ အလိုမပြည့်သူ သုံးဦးရှိတယ်၊ မဟာသမုဒ္ဒရာကြီးရယ်
မီးပုံကြီးရယ် လောဘကြီးသူရယ်တဲ့၊ မဟာသမုဒ္ဒရာကြီးဟာ မြစ်ကြီးငါးသွယ် မြစ်ငယ်
ငါးရာကနေ ရေတွေ ဘယ်လောက်ပဲလာလာ တော်ပါပြီလို့ ဘယ်တော့မှ မပြောဘူး။
မီးပုံကြီးကလည်း လောင်စာတွေ ဘယ်လောက်ထည့်ထည့် တော်ပါပြီလို့ ဘယ်တော့မှ
မပြောဘူး၊ လောဘကြီးသူလည်း ထို့အတူပဲ၊ ဘယ်လောက်ပစ္စည်းတွေ ရရ၊ တော်ပါပြီလို့
ဘယ်တော့မှ မပြောဘူး၊ ဘယ်တော့မှ အလိုမပြည့်ဘူး၊အမြဲတမ်း လိုနေတာပဲ။မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်
No comments:
Post a Comment