တစ်ချို့က လေထဲ တိုက်ဆောက်နေကြတာ၊ စကားနဲ့ ကြွားနေကြတာ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို
ဘယ်သူမှ အထင်မကြီးဘူး၊ အထင်တောင် သေးသေးတယ်၊ ကိုယ့်ရဲ့ ကံအား ဥာဏ်အား
ဝီရိယအားတွေ ရှိနေတာပဲ၊ ကံ ဥာဏ် ၀ီရိယ အသုံးချပြီးတော့ အလုပ်လုပ်ရမှာပါ၊ ကံ ဥာဏ်
ရှိပေမဲ့ ၀ီရိယမရှိပြန်ရင်လည်း မဖြစ်ပါဘူး၊ အရေးကြီးတယ်၊
ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ “ မကြိုးမကုတ် အားမထုတ်မူ
လူ မလုံ့လ နတ်မ.မတည့်၊ ပယောဂစက် ပျက်သည့်သူအား လူကိုထား၍ ဘုရားသော်မှ ကယ်
မရဘူး ” လို့ ဆိုထားတယ်၊
ဒီနေရာမှာ ပယောဂဆိုတာ လုံ့လ၀ီရိယကို ပြောတာ၊ ၀ီရိယရှိရှိ အလုပ် လုပ်ကြပါ၊ ဘယ်နေရာ
မဆို အလုပ်နဲ့ သက်သေပြရမယ်..။
မုံရွာမြို့ - ပဇ္ဇောတာရုံဆရာတော်

No comments:
Post a Comment