သောကတွေ ပြေပျောက်ဘို့
လောဘတွေ ချွေဖျောက်ပါ။
မိတ်ဆွေကောင်းရှိဘို့ လိုအပ်သလို
မိတ်ဆွေကောင်းဖြစ်ဘို့လည်း လိုအပ်ပါ၏၊
ကြွေးရှိရင် ပြန်ဆပ်ရမယ်၊
ကျေးဇူးရှိလျှင်လည်း ပြန်ဆပ်ရမယ်၊
ဒါပေမဲ့ ကြွေးက ကျေတယ်၊ ကျေးဇူးက ကျေတယ် မရှိပါ။
ရှာသမျှဟာ ပိုင်ဆိုင်ဘို့
ပိုင်ဆိုင်သမျှဟ ပေးဆပ်ဘို့
ပေးဆပ်ခြင်းဟာ လောကကြီး ချမ်းသာဘို့ပေါ့။
ဘ၀ဆိုတာ ဝေဟင်မှာ လေမှာလွင့်နေတဲ့ သစ်ရွက်ရော်နှင့် တူတယ်၊
ကျရာအရပ် မှန်းဆဘို့ ခက်သလို .. အနာဂါတ်အတွက် မှန်းဆရ ခက်လို့ပေါ့။
ဘ၀ဟာ မြစ်တစ်စင်းနှင့်လည်း တူတယ်၊
အကွေ့အကောက် - အနိမ့်အမြင့်တွေ များလို့ပေါ့။
ဖြည့်လို့ မပြည့်တာက “ လောဘ ” ၊
ဖြည့်ရင် ပြည့်တာက ” ပါရမီ ” ။
နောက်ကြောင်း ရှင်းဘို့ သန့်ဘို့အတွက်
ပစ္စုပ္ပန်ကောင်းမှ ဖြစ်မယ်။
အနာဂါတ်ကောင်းဘို့အတွက် ဆိုရင်လည်း
ပစ္စုပ္ပန်ကောင်းမှ ဖြစ်နိုင်မယ်။
စေတနာမျှားဦးကို အမြဲတန်း အကောင်းဘက်သို့
ချိန်ရွယ်ထားပါ။
ငွေဆိုတာ သုံးတတ်ရင် “ အရိပ် ” အေးချမ်းမှုကို ပေးတယ်၊
မသုံးတတ်ရင် “ အဆိပ် ” ဆင်းရဲဒုက္ခကို ပေးတတ်တယ်။
မွေးဖွါးခြင်းဟာ “ သေဘို့ ” ပဲ၊
မသေခင်မှာ အနေတတ်ဘို့နဲ့ သေလျှင် အသေမြတ်ဘို့ အရေးကြီးတယ်။
သူ တော် - မတော်
သူ ကောင်း - မကောင်းကို
သူ့ရဲ့ အပြုအမူလက္ခဏာက ဖေါ်ပြနေပါတယ်၊
ကြည့်တတ်ဘို့ပဲ လိုပါတယ်။
ဘ၀ရပ်တည်ဘို့အတွက် လူတိုင်းဟာ ပစ္စည်းငွေကြေးကို ရှာဖွေကြရတယ်၊
အဲဒီအခါမှာ “ အစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ ငါးလေးလို ” မဖြစ်ဘို့
အရေးကြီးတယ်၊
အမှတ်တရ ဖြစ်ဘို့အတွက်
အမှတ်ရစရာလေးတွေကို လောကအတွက် ပေးဆပ်ခဲ့ရမယ်၊
“ ပေးဆပ်သူသာ ပိုင်ဆိုင်သူ ဖြစ်နိုင်၏ ” တဲ့။
တကယ်တော့ သူကျိုးပြုနေခြင်းဟာ
ပါရမီသဘောအရ ကိုယ့်ကျိုး “ စု ” နေခြင်းပါပဲ။
ကံတူ အကျိုးပေးတဲ့၊
( ဆိုးဆိုး ကောင်းကောင်း ) ကံအတူ ပြုခဲ့ကြသူတွေဟာ
အကျိုးပေးတော့လဲ အတူတူ “ ခံစား စံစား ” ကြရတယ်။
ကောင်းသစ်..

No comments:
Post a Comment