“ လောကမှာ ကြောက်စရာ အကောင်းဆုံးကား ကြောက်စိတ်ဖြစ်၏ ”
ယင်းစာကြောင်းလေးကို ဖတ်ရှုဘူးပါ၏။ကြောက်တတ်သူသည် အရာရာကို တွေးတွေး ကြောက်နေတတ်၏၊
မကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊
ကြောက်သင့်သည်ကိုလည်း တွေး ကြောက်နေတတ်၏၊
ထို့ကြောင့် ထိုသူသည် အောင်မြင်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏
အခွင့်အရေးကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
လွတ်လပ်မှုကိုလည်း လက်လွှတ် ဆုံးရှုံးရ၏၊
ပျော်ရွှင်မှုကိုလည်း လက်လွှတ် ဆုံးရှုးရပါ၏၊
စားဝတ်နေရေး မပြည့်စုံမှာကြောက်၍ သီလကိုလည်း ဖောက်လိုက်၏
(အူမ မတောင့်မှာစိုး၍ သီလ မစောင့်နိုင်ခြင်းဟု အကြောင်းပြ၏)
သီလစောင့်ခြင်းကြောင့် ရရှိနိုင်မည့် ချမ်းသာများမှ ဆုံးရှုံးရ၏။
လက်ရှိဥစ္စာလျော့ပါးသွားမည်စိုး၍ ဒါနပြုရမှာကိုလည်း ကြောက်၏၊
(ကိုယ့်မရှိလျှင် မည်သူကမှ လာပေးမည်မဟုတ်ဟု အကြောင်းပြ၏)
ဒါနကြောင့် ရရှိခံစားရမည့် ကောင်းကျိုးချမ်းသာများမှ ဆုံးရှုံးရ၏။
“ မာ ဘာယိတ္ထ ဘိက္ခဝေ ပုညဿ ”
ရဟန်းတို့ ကုသိုလ်ပြုရမှာ မကြောက်ကြကုန်လင့်၊“ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ ”
ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တ၀ါတို့၏ မှီရာ တည်ရာအစစ် ဧကန်ဖြစ်ကုန်၏။
No comments:
Post a Comment