.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Sunday, December 11, 2011

အကယ်၍

အကယ်၍ . . .
ဘ၀ခရီးလမ်းသည် ကြမ်း၏၊ ပမ်း၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀ခရီးလမ်းသည် ဝေး၏၊ တွေး၍ မလျှောက်ဘဲ နေခဲ့ပါလျှင် . .
ဘ၀ခရီးလမ်းသည် ခက်၏၊ ဆက်၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀ခရီးလမ်းသည် ကောက်၏၊ ကြောက်၍ မလျှောက်ဘဲ နေခဲ့ပါလျှင် ..
ဘ၀၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
                                                 ကောင်းသစ်..

No comments:

Post a Comment