.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, December 10, 2011

ဖြစ်စေချင်သော သူ့ဆန္ဒ

စိတ်အားငယ်နေသူများအား စိတ်ဓာတ် တက်တက်ကြွကြွ ရှိလာစေချင်၏။

တွေဝေနေသူများအား “ မိမိ ဘာလုပ်သင့်သည် ” ဟု ဆုံးဖြတ်နိုင်စေလို၏။

ရောင့်ရဲတင်းတိမ်မှု မရှိသူများအား ရောင့်ရဲတင့်တိမ်မှုရှိလာအောင် ပြုလုပ်ဘို့
သတိရှိလာစေချင်၏။

အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်လိုသည့်စိတ် မရှိသူများအား စွဲစွဲမြဲမြဲလုပ်မှဖြစ်မည်ဟု
သိရှိလာစေချင်၏။

ကိုယ်ပိုင်အသိဥာဏ်မရှိပဲ ရှေ့တန်းတက်ဘို့ချည်း စိတ်ကူးနေသူများကို အချိန်မီ
သတိပေးလို၏။

စာမေးပွဲအောင်ရုံဖြင့် ငါ ( စာ )တတ်ပြီဟု  အထင်ကြီးနေသူများကို ငါ ဘာတွေလိုနေ
သေးသည်ဟု သိမြင်လာစေချင်၏။

ပုဂ္ဂိုလ်တစ်ဦးဦး ( သို့မဟုတ် ) အုပ်စုတစ်စု၏ အရှိန်အ၀ါကို မှီခိုပြီး အချောင်ရေသာခို
 နေလိုစိတ်ရှိသူများအား မိမိကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားစေချင်၏။
           
                        ဦးနာရဒါဘိဝံသ (မစိုးရိမ် ဆရာတော်၏ ) သြ၀ါဒ ကောက်နှုတ်ချက်။



















No comments:

Post a Comment