ဗုဒ္ဓရဲ့ ယဉ်ကျေးမှုကိုသာ အတိအကျ လိုက်နာကြရင် ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံကြီးများနှင့်
ယဉ်ဘောင်တန်းနိုင်ပါတယ်။
လူတိုင်းထဲက လွတ်ချင်ကြရင် လူတိုင်းလုပ်တဲ့အလုပ် အပြောမျိုး မလုပ်ကြနဲ့။
လူတွေဟာ ဒုက္ခရောက်တာကိုသာ ပြောကြတာ၊ သွားနေကြရတာက ဒုက္ခလမ်းမကြီးပေါ်မှာ၊
ဒီတော့လေ ဒုက္ခကြားက ဒုက္ခကောင်ဟာ ဒုက္ခကိုပဲ တွေ့မှာပဲ။
ကြုံတွေ့လို့ မကယ်နိုင်တဲ့ဒုက္ခမျိုးကို သူတစ်ပါးအား ပြောနေခြင်းဖြင့် အကျိုးမရှိ။
မိဘတွေသေရင် ငိုကြွေးကြမယ့်အစား မသေခင်က စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင်
လှလှပပ လုပ်ကြွေးသင့်တယ်။
လူတွေဟာ ခိုင်းစရာကိုယ့်ကိစ္စကိုတော့ ခိုင်းတတ်ကြပြီး အရေးရှိတော့
ဖေးမကူညီဖေါ် မရကြဘူး။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်)
No comments:
Post a Comment