.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, June 30, 2011

ဥပါသကာ ဂုဏ်အင်္ဂါ


           မင်းမြတ် ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါတို့သည် ဤဆယ်ပါးတို့တည်း။
                 အဘယ်ဆယ်ပါးတို့နည်းဟူမူ…
၁။ မင်းမြတ် ဤလောက၌ ဥပါသကာကသည် သံဃာနှင့်တူမျှသော ချမ်းသာဆင်းရဲရှိသူ
ဖြစ်၏။
၂။ တရားတော်လျှင် အကြီးအမှူးထားသူဖြစ်၏။
၃။ ပစ္စည်းဥစ္စာ အင်အားအလျှောက် ဝေဖန်ခွဲခြားခြင်း၌ မွေ့လျော်သူဖြစ်၏။
၎။ ဘုရားသာသနာတော်၏ ပျက်ပြားဆုတ်ယုတ်သည်ကို ကြားသိတွေ့မြင်သော် တိုးတက် စည်ပင်ခြင်း
ငှာ လုံ့လစိုက်ထုတ်၏။
၅။ ကောင်းသော အယူဝါဒရှိသူဖြစ်၏။
၆။ ဒိဋ္ဌိ သုတ မုတမင်္ဂလာအယူမှ ကင်းလွတ်၍ အသက်ဟူသော အကြောင်းကြောင့်လည်း သာသနာ တော်မှ တစ်ပါးသောသူကို ဆရာဟူ၍ မညွန်ကြား၊ ထိုဥပါသကာသည် ကိုယ်အမူအရာ နှုတ်အမူအရာကိုလည်း စောင့်စည်း၏။
၇။ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်သူ သင့်တင့်ညီညွတ်ခြင်း၌ ပျော်ပိုက်သူဖြစ်၏။
၈။ မငြူစူတတ်သူဖြစ်၏။
၉။ ကောက်ကျစ်စဉ်းလဲသည်၏အစွမ်းဖြင့် သာသနာတော်၌ ကျက်စားကျင်လည်သူ မဟုတ်။
၁၀။ ဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်သူဖြစ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်သူ ဖြစ်၏၊သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူဖြစ်၏။

မင်းမြတ် ဤသည်တို့ကား ဥပါသကာ၏ ကျင့်ဝတ်ဂုဏ်အင်္ဂါ ဆယ်ပါးတို့တည်း။  (မိလိန္ဒပဥှာ )။

                                                

 

No comments:

Post a Comment