.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Monday, September 12, 2011

စဉ်းစား

ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာလေး ရှိပါ၏။
စဉ်းစားပါ . တဲ့ ၊   မကြာ မကြာ စဉ်းစားပါ တဲ့။

၁။ မကြာ မကြာ မိမိ၏ ပြည့်စုံတိုးတက်မှု မိမိတိုင်းပြည်၏
ပြည့်စုံ တိုးတက်မှုကို စဉ်းစားပါတဲ့။ စဉ်းစားလျှင် အဖြေ မြင်ရမည်၏
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို ဆက်လက်ကျင့်သုံးပါ၊ ထို့ထက်
တိုးမြှင့်ကျင့်သုံးပါ..

၂။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏
တိုင်းတစ်ပါး၏ ပြည့်စုံတိုးတက်မှုကို စဉ်းစားပါတဲ့။
သူတို့ သူတို့တိုင်းပြည် ဘာကြောင့် ပြည့်စုံတိုးတက်နေပါသလဲ
စဉ်းစားလျှင် အဖြေမြင်ရမည်ဖြစ်၏၊
ယင်းအဖြေသည် . ပြည့်စုံတိုးတက်ခြင်း၏ အကြောင်းမှန်ဖြစ်၏။
ယင်းအကြောင်းတရားကို မိမိ မိမိတို့ တိုင်းပြည်ကလည်း
အတုယူကာ လိုက်နာ ကျင့်သုံးရမည် ဖြစ်ပါ၏

၃။ မကြာ မကြာ  မိမိ၏ မိမိတိုင်းပြည်၏ ပျက်စီးမှု ဆုတ်ယုတ်မှု
မတိုးတက်မှုကို စဉ်းစားပါတဲ့၊ စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို ဆက်လက် ဆုပ်ကိုင် မထားပဲ
မကျင့်သုံးတော့ပဲ ရှောင်ကြဉ်ကာ ပြောင်းလွဲ ကျင့်သုံးရမည်
ဖြစ်ပါ၏
( ဥပမာ . ပညာမတတ်၍ မတိုးတက်ဟု သိလျှင် ပညာတတ်အောင်
ပျင်းရိ၍ လုံ့လမရှိ၍ မတိုးတက်ဟု သိလျှင် ကြိုးစားမှု ၀ီရိယရှိအောင်
တရားမျှတမှု မရှိ၍ဟုသိလျှင် တရားမျှတအောင် စသည် စသည်
ကို ပြုပြင် ကျင့်သုံးရမည် ဖြစ်ပါ၏။ )။

၎။ မကြာ မကြာ ပတ်ဝန်းကျင်၏ သူတစ်ပါး၏ တိုင်းတစ်ပါး၏
ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှုကို စဉ်းစားပါတဲ့။
စဉ်းစားလျှင် အဖြေ မြင်ရမည်ဖြစ်၏။
ယင်းအဖြေသည် ပျက်စီးမှု ဆုတ်ယုတ်မှု မတိုးတက်မှု၏
အကြောင်းမှန် ဖြစ်ပါ၏။
ယင်းအကြောင်းတရားကို  မကျင့်သုံးပဲ ရှောင်ကြဉ်ရမည် ဖြစ်ပါ၏။

စဉ်းစားမှုလေးတန် အခြေခံ၍ မိမိဘ၀ မိမိတို့တိုင်းပြည် မိမိတို့
သာသနာကို မြင့်သထက်မြင့်အောင် မြှင့်တင်နိုင်ကြပါစေ…
                                                           ကောင်းသစ်

No comments:

Post a Comment