.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Thursday, October 27, 2011

ငြိမ်းချမ်းသည့် ရသ

လူ့ဘ၀ဆိုတာ
တစ်ခဏတာ.
ဆီးနှင်းစက်နှင့် ရေပွက်ပမာ

လူတကာသိ
သူငါ၏ -
နေရမည့် သက်တမ်း
ခန့်မှန်း၍ မရ
ရှင်သန်ခြင်းသည် အနိစ္စ
သေခြင်းသည် နိစ္စ။

ထို့ကြောင့်ပင်
မသေခင်
မကြွေခင်
လူ့ဘ၀ နေစဉ်လေးမှာ


စာနာ စိတ်
ညှာတာ စိတ်
မာတာ စိတ်

ကူညီရမည့် စိတ်
တူညီမျှသည့် စိတ်
လူပီသသည့် စိတ်

ရိုင်းပင်း စိတ်
ဝိုင်းဝင်း စိတ်

အတိတ် အကြောင်းလေးတွေ ဖွေး
စိတ်ကောင်းလေးတွေ မွေး
သူ့အရေး ကိုယ့်အရေး
အများအရေး
မျှတစွာ “ ကြံတွေး ” 

အေးချမ်းတဲ့ ဘဝ
ဘေး မသမ်းတဲ့ ဘဝ
အခွင့်အရေး မှန်သမျှ
သာတူ ညီမျှ
သုခနှင့်ဒုက္ခ
မျှဝေကာ ခံစားကြ ...

စည်းလုံးမှုသည်
လောက၏
“ ငြိမ်းချမ်းသည့် ရသ” ။


                   ကောင်းသစ်.

No comments:

Post a Comment