.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Tuesday, October 11, 2011

သီတင်းကျွတ်ပြီ. ၂

၎။ပုဂ္ဂလပညတ်ကျမ်း … ယင်းကျမ်း၌  ခန္ဓပညတ် ၊ အာယတပညတ်၊ ဓာတုပညတ်၊ သစ္စပညတ်

ဣန္ဒြိယပညတ်၊ ပုဂ္ဂလပညတ်ဟူသော ပညတ်ခြောက်ပါးကို ဟောကြားတော်မူထားပါ၏။

ပုဂ္ဂလပညတ်ကို ဟောကြားတော်မူရာ၌ “  သမယ၀ိမုတ္တော - အခါမှလွတ်သော ပုဂ္ဂိုလ်၊အသမ
ယ၀ိမုတ္တော - အခါမှ မလွတ်သော ပုဂ္ဂိုလ် ။ ပ။ အရဟာ - ရဟန္တာပုဂ္ဂိုလ် ၊ အရဟတ္တဖလသစ္ဆိ
ကိရိယာယ ပဋိပန္နော - အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်သောပုဂ္ဂိုလ် ဟူ၍ ဧက
နည်းအားဖြင့် ( ၅၄ ) ပုဒ် ။

ကောဓနောစ -အမျက်ထွတ်တတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဥပနာဟီစ - သူတစ်ပါး
ကို ရန်ညိုး ဖွဲ့တတ်သော ပုဂ္ဂိုလ်လည်းကောင်း။ ပ ။ တိတ္တောစ - ရောင့်ရဲတတ်သော ပုဂ္ဂိုလ်
လည်းကောင်း၊ သူ့ကို ( သူတစ်ပါးကို ) ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဤသို့
ဒုကနည်း အားဖြင့်  ၂၆ ပုဒ် ( နှစ်ယောက်တွဲ ၂၆ တွဲ )။

          နိရာသော - အရဟတ္တဖိုလ်ကို ရခြင်း၌ တပ်ခြင်းကင်းသော ပုဂ္ဂိုလ်၊ အာသံသော - အရ
ဟတ္တဖိုလ်ရခြင်းကို တောင့်တသော ပုဂ္ဂိုလ်၊ ၀ိဂတာသော - တပ်ခြင်းကင်းသော ပုဂ္ဂိုလ်။ ပ ။
သီလေသုစ - သီလတို့၌လည်း၊ ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ သမာဓိသ္မိံစ - သမာဓိ
၌လည်း၊ ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ ပညာယစ - ပညာ၌လည်း၊ ပရိပူရကာရီ -
ပရိပူရကာရီ - ပြည့်ခြင်းကို ပြုလေ့ရှိ၏၊ တယော - သုံးယောက်ကုန်သော ၊ သတ္ထာရာ - ဆရာ
တို့လည်းကောင်း၊ အပရေပိ - တစ်ပါးလည်း ဖြစ်ကုန်သော ၊ သတ္ထာရာ - ဆရာတို့သည် ၊ တ
ယော - သုံးယောက်တို့တည်း၊ဤသို့ တိကနည်းအားဖြင့် ၁၇ ပုဒ်၊ ( သုံးယောက်တွဲ ၁၇ - တွဲ )။
         ဤသို့စသည်ဖြင့် ဒသကပုဂ္ဂလပညတ္တိတိုင်အောင် ( လောက၌ ထင်ရှားရှိနေသော ပုဂ္ဂိုလ် 
အမျိုး အစားတို့ကို “ စံထားဖွယ်နှင့် ရှောင်ရှားဖွယ်တို့ကို ) ဟောကြားတော်မူထားပါ၏၊

၅။ကထာဝတ္ထုကျမ်း .. ယင်းကျမ်း၌ကား ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ အာမန္တာ၊
ယော သစ္စိကဋ္ဌော ပရမတ္ထော . တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ
န ဟေ၀ံ ၀တ္တဗ္ဗေ၊ အာဇာနာဟိ နိဂ္ဂဟံ။

ပုဂ္ဂလော - ပုဂ္ဂိုလ်ကို၊ သစ္စိကဋ္ဌပရမတ္ထေန - ဟုတ်သောသဘော မြတ်သော သဘောဖြင့်၊ ဥပ
လဗ္ဘတိ - ပညာဖြင့်ကပ်၍ သိအပ်သလော၊ ဣတိ ပုစ္ဆာယံ - ဤသို့သော အမေးသည်၊သတိ -ရှိ
သော်၊ အာမန္တာ - သြ ပညာဖြင့်ကပ်၍ သိအပ်၏၊ …… ယော သတ္တပညာသ ပဘေဒ ဓမ္မော -အကြင် ငါးဆယ့်ခုနှစ်ပါး အပြားရှိသော ဓမ္မသည်၊ သစ္စိကဋ္ဌော - ဟုတ်သော သဘောရှိ၏၊ ပရမတ္ထော -
 မြတ်သော သဘောရှိ၏၊ တတော တေန သစ္စိကဋ္ဌပရမတ္ထေန - ထိုသို့ ဟုတ်သော သဘော မြတ်သော သဘောဖြင့်၊သော - ထိုသို့ သဘောရှိသော၊ ပုဂ္ဂိုလ်ကို၊ ဥပလဗ္ဘတိ - ပညာဖြင့်ကပ်၍ သိအပ်သလော၊
 ဣတိ ပုစ္ဆာယံ - ဤသို့သော အမေးသည်၊သတိ -ရှိသော်၊ ဧ၀ံ ဤသို့သော်ကား၊ န ဟိ ၀တဗ္ဗေ န ဟိ ၀တ္တဗ္ဗော - ငါ ပရ၀ါဒီသည် မဆိုအပ် ။ ဤသို့ စ သည်ဖြင့် ခက်ခဲ နက်နဲ သည်များကို  သက၀ါဒီ ပရ၀ါဒီ အနေဖြင့် အမေးအဖြေပြု၍ ဟောကြား တော်မူထားပါ၏။ 

 ကထာဝတ္ထုနှင့် ပါတ်သက်၍ “ ကထာဝတ္ထု အနက် ခု ” ဟု မှတ်တမ်းတွင်နေပါသည်၊ အနက် ခု
ဟူသည် အနက်ပေးရန် ခက်သည်ကို ဆိုပါ၏ ၊ ထို့ပြင် ဤကထာဝတ္ထုကျမ်းကို ရှင်တော်မြတ်ဘုရား 
ပရိ နိဗ္ဗာန် ၀င်စံတော်မူပြီးသည့်နောက် သိရီဓမ္မာသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ရာ အကြီးအမှုးဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်မြတ်မှ သက၀ါဒငါးရာ  ပရ 
ဝါဒ ငါးရာ ၀ါဒတစ်ထောင် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားတော်မူသည်၊ ရှင်တော်မြတ်ဘုရားက နယမာတိ
ကာမျှသာ ထားတော်ခဲ့သည်ဟု ယင်းအဖွင့်အဋ္ဌကထာကျမ်း၌ မိန့်ဆိုထားပါ၏၊ ထို့ပြင် အချို့သော  မထေရ်မြတ်တို့က သာဝကဘာသိတဖြစ်၍ အနက်ခက်သည်ဟု မိန့်ဆိုသံကိုလည်း ကြားဘူးပါ၏၊ ၊ ဤကားဗဟုသုတမျှသာတည်း။

၆။ယမိုက်ကျမ်း ..  ယင်းကျမ်း၌ကား… မူလယမိုက် ခန္ဓယမိုက် အယတနယမိုက် ဓာတုယမိုက်သစ္စ
ယမိုက်  သင်္ခါရယမိုက် အနုသယယမိုက် စိတ္တယမိုက် ဓမ္မယမိုက် ဣနြ္ဒိယယမိုက်ဟူ ယမိုက်ဆယ်ကျမ်း
ရှိ၏၊ မူလယမိုက်၌ ကုသိုလ်ဖြစ်ကြောင်းနှင့်ကုသိုလ်၊ အကုသိုလ်ဖြစ်ကြောင်းနှင့် အကုသိုလ်စသည့်
 ( အရင်းအမြစ် မူလ ) တရားတို့ကို တိတိကျကျ ထုတ်ဖေါ်ဟောကြားထားတော်မူပါ၏။

၇။ပဋ္ဌာန်းကျမ်း .. . ယင်းကျမ်းကို ကျယ်ဝန်းသောကြောင့် “ နည်းပင်လယ် ” ဟု  မိန့်ဆိုထားပါ၏မှတ်တမ်း များအရ ပင်လယ်ကြီး လေးစင်းရှိကြောင်း မှတ်သားရပါ၏၊ ယင်းတို့မှာ မဟာသမုဒ္ဒရာဟု ဆိုအပ်သော ရေပင်လယ်၊ ရုပ်နာမ်ခန္ဓာတို့၏( သံသရာ၏အရင်းအမြစ်ဖြစ်သောအ၀ိဇ္ဇာတဏှာတို့ကို  မပယ်သတ် နိုင်သရွေ့ ) ဆက်ကာ ဆက်ကာ မပြတ်မစဲ တစ်ဖွဲဖွဲ ဖြစ်နေခြင်း ဟု ဆိုအပ်သော သံသရာပင်လယ်၊ အနန္တနယမည် ပဋ္ဌာန်းကျမ်းဟုဆိုအပ်သော ( ၀ိနယ လည်းပါ ၏၊ ) နည်းပင်လယ်၊ဘုရားရှင်၏ သဗ္ဗညု တဥာဏ်တော်ဟု ဆိုအပ်သော ဥာဏ်ပင်လယ် တို့ဖြစ်ပါ၏။

ထို့ပြင် အခက်သုံးခက်၌လည်း “ ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ ” ဟုခက်ခဲ နက်နဲမှုအရာ မှတ်တမ်းတင်ထားပါ၏။အဘိဓမ္မာခုနှစ်ကျမ်းကို ဆင်ခြင် သုံးသပ်တော် မူရာတွင် “ ပဋ္ဌာန်း ကျမ်းကို ” ဆင်ခြင်သုံးသပ်တော်မူမှ ရှင်တော်မြတ်ဘုရား၏ ခန္ဓာကိုယ်မှသွေးသားများ ကြည်လင်လာကာ ရောင်ခြည်တော်ခြောက်သွယ်ကွန်းမြူးပေါ်ထွက်လာကြောင်းကိုလည်း မှတ်တမ်းတင်ထားပါ၏။

အဘိဓမ္မာခုနှစ်ကျမ်းနှင့်ပါတ်သက်၍ “ ဘုရားရှင်သည် နတ်တို့အား အကျုယ်နည်းဖြင့် ဟောကြားတော်
 မူ၏၊ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ဟောကြား တော်မူသောအခါ အကျဉ်း နည်းအားဖြင့် ဟောကြားတော်မူ၏၊ အရှင်သာရိပုတ္တရာမှတဆင့်(လင်းနို့သား ဖြစ်ခဲ့ဘူးသော ) မိမိ၏ တပည့်သား ရဟန်းငါးရာတို့အား ဟောကြားတော်မူရာကား  ဆောင်လွယ် သိလွယ်စေရန် မကျဉ်းမကျယ် ဟောကြားကြောင်းလည်း  အဋ္ဌကထာဆရာမြတ်တို့ မိန့်တော်မူကြပါ၏။ ယင်းစကားအရ  ယခု ထေရ၀ါဒ နိုင်ငံတို့၌ မှတ်တမ်းပြုထား သော “ အဘိဓမ္မာ ” သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ( ဗုဒ္ဓနည်းကျ  ) အဘိဓမ္မာ  ဖြစ်ပါ၏။

ရှင်တော်မြတ်ဘုရား နတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားမှု ပြီးချိန်သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါ၏၊အရှင်သာရိပုတ္တရာမှ မိမိတပည့်များအား အဘိဓမ္မာတရား သင်ကြားပို့ချမှု( ပြန်လည် ဟောပြောမှု ) ပြီးဆုံးချိန်သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါ၏၊ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို “ အဘိဓမ္မာ  အခါတော်နေ့ ” အဖြစ် သတ်မှတ်ကာမြန်မာပြည်ရှိ  ၀တ်အသင်းများမှ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလာကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါ၏။

ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့သည် ရဟန်းတော်များ ၀ါမှ ကျွတ်ခြင်း၊ ( တနည်းအားဖြင့် ၀ါတွင်း သုံးလပါတ်လုံး ဤကျောင်းတိုက် အရာမ်အတွင်း နေထိုင်ပါ့မည်ဟူသော အဓိဋ္ဌာန်ချက် ပြီးဆုံးခြင်း ) ၊  သံဃပ၀ါရဏာပွဲ ကျင်းပခြင်း။ အဘိဓမ္မာပူဇော်ပွဲ ဆင်နွဲခြင်း၊ ဤနေ့ကို အခါကြီး ရက်ကြီးအဖြစ်
သတ်မှတ်ကြ၍ မိမိတို့၏ ဘိုးဘွားမိဘများကို သားသမီးမြေးမြစ်များကကန်တော့ကြခြင်း ဟူသော ကောင်းခြင်း ဂုဏ်နှင့် ပြည့်စုံသော လထူး လမြတ် နေ့ထူး နေ့မြတ်  ဖြစ်ပါကြောင်း  တင်ပြအပ်ပါ၏၊
                                             
                                                                                       ပြီးပါပြီ . .  ကောင်းသစ်



No comments:

Post a Comment