.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, February 18, 2012

“ အချစ်နှင့် အမုန်း

ပုထုဇန်ဟူသည် “ အချစ် - အမုန်းနှင့် ” မကင်းနိုင်သူများ ဖြစ်ကြ၏၊
ထို့ကြောင့် ယင်းမှထွက်သော ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားနေကြရပါ၏၊

အချစ်မရှိလျှင် - သောက မဖြစ်၊
အမုန်းမရှိလျှင် - ဒေါသ မဖြစ်၊

ချစ်သူနှင့်အတူ မနေရခြင်းသည် ဆင်းရဲ၏၊
မုန်းသူနှင့်အတူ နေရခြင်းသည်လည်း ဆင်းရဲပါ၏။

အချစ်မရှိလျှင် ကွေကွင်းတဲ့ဒုက္ခ မရှိနိုင်၊
အမုန်းမရှိလျှင် အတူနေရတဲ့ဒုက္ခ မရှိနိုင်။

အချစ်သည် နီးလေ ချမ်းသာလေ၊
အမုန်းသည် ဝေးလေ ချမ်းသာလေ၊

အချစ်သည် - လောဘ၊
အမုန်းသည်ကား - ဒေါသ။
ယင်းနှစ်မျိုးလုံးသည် ပူလောင်သော ကိလေသာများသာ ဖြစ်ကြပါ၏၊

သို့သော် ..... ပုထုဇဉ်တို့သည်  မီးမကြောက်သည့် ပိုးဖလံပမှာ ကိလေသာအပူတောမှ
နောက်ပြန်မဆုတ်၊  ရှေ့သို့သာ တိုးမြဲတိုးနေကြသော အပူပျော် ပိုးဖလံလူသားဘ၀ဖြင့်
ဘ၀ နိဂုံးချုပ်သွားကြရတော့သည်။
                                                       
                                                                 ကောင်းသစ်...

 

No comments:

Post a Comment