.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Friday, April 1, 2011

စဉ်းစား



မွေးဖွါးခြင်း
သေဆုံးခြင်း
မျဉ်းနှစ်ခု ကြားကာလ
ရပ်တည်နေတဲ့ ဘဝ
ဒို့ .. ဘာလုပ်ကြမလဲ..?

ပညာတွေ သင်
တတ်ရင်ကော ဘာလုပ်ကြမလဲ၊
မသင်ခင် စဉ်းစား
သင်ရင်းလဲ  စဉ်းစား
သင်ပြီးတော့ မျဉ်းတား
လောကအတွက် အကျိုးများ
ပညာဒါန ဖြန့်ဝေပွါး
မိမိအတွက် ပါရမီ တကား။

ဥစ္စာတွေ ရှာ
ရလာ ဘာလုပ်ကြမလဲ
မရှာခင် စဉ်းစား
ရှာရင်းလည်း စဉ်းစား
ရပြီးတော့ မျဉ်းတား
လောကအတွက် ပေးဆပ်သွား
အကျိုးပြုတဲ့လုပ်ငန်းများ
မိမိအတွက် ပါရမီ တကား။

ပါရမီ ထိုက်သော ပညာများ
ပါရမီ ထိုက်သော ဥစ္စာများ
လောကအတွက် ပေးဆပ်သွား
မိမိအတွက် နိဗ္ဗာန်တံခါး..။

ကောင်းသစ်

No comments:

Post a Comment