.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Wednesday, April 6, 2011

မပြောင်းသော ပြောင်းခြင်း


သင်္ကန္တ
သင်္ကြန္တ
ထိုမှ တစ်ဆင့်
သင်းကြန်ကျ
အတာသင်္ကြန် ရေပက်ကြ
ပြောင်းရွှေ့ခြင်း အဓိပ္ပါယ်ရ ... တဲ့၊
နှစ်ပြောင်းပြီး ခေတ်မပြောင်းရင်
စနစ်ဟောင်းကြီး ဘာထူးမလဲ။
အမှန် စင်စစ် -
တစ်နှစ်ထက် တစ်နှစ်
တစ်ခေတ်ထက် တစ်ခေတ်
တစ်ရစ်ထက် တစ်ရစ်
အသစ် အသစ်တွေ
ဖြစ်ဖြစ် လာနေရမှာ…
စီးပွါးရေး
ပညာရေး
လူမှုရေး
ကျမ်းမာရေး
ကုသိုလ်ရေး
စသည် စသည် ... အရေးတွေပေါ့ .။

ယခုတော့ …
ငါ့ဘဝ
မနှစ်ကလည်း ဒီလို
ဒီနှစ်လည်း ဒီလို
ဘာဆို ဘာမှမပို
မဲပြာပုဆိုး ခပ်တိုတို
တူးပို တူးပို  တီးလုံးလိုပဲ..
တီးကွက်က မပြောင်း
ကကွက်ကလည်း အဟောင်း
 အဲဒါ ပြောင်းခြင်းတဲ့လား။

ကောင်းသစ်




No comments:

Post a Comment