.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Saturday, April 16, 2011

နှစ်သစ် ဆုမွန်


၁၃၇၃ . ခုနှစ်
နှစ်ဆန်း (၁) ရက်နေ့..

ရွက်ဟောင်းတွေ မြေမှာကြွေ
ရွက်သစ်တွေ ပင်မှာမြူး
အတာကူးသည့် -
လတန်ခူးသို့ပင် ရောက်ခဲ့ပေပြီ..။

ဂန့်ဂေါ်တွေ ဝေ ...
ပိတောက်တွေ ရွှေရည်လူး
ပင်ယံထက်မှာ ဖူးပွင့်ကြလေပြီ။

ရက်ဟောင်း လဟောင်း
ထိုမှတစ်ပါး ..
နှစ်ဟောင်းတို့သည်
တရွေ့ရွေ့ ကုန်ဆုံး၍..။

ယနေ့ ...
ရက်သစ် လသစ် နှစ်သစ်သို့ပင်
ရောက်ခဲ့ပေပြီ..။

နှစ်သစ်၌ ...
အတွေးသစ် အမြင်သစ်များဖြင့်
လုပ်ငန်းသစ်များကို လုပ်ဆောင်၍
ဘ၀သစ်တစ်ခုကို ဖွါးမြင့်သင့်ကြပေပြီ..။

ဘ၀သစ်ဖြင့်
လောကသစ်ကို တည်ဆောက်၍
အသစ် အသစ်ဖြစ်သော အကျိုးပြုမှုများဖြင့်
လောကကို အလှသစ်များ ဆင်နိုင်အောင် ..
နှစ်သစ်သို့ ရောက်သူတိုင်း
အားသစ် အင်သစ်များကို မွေးမြူသင့်ကြပေပြီ..။

နှစ်သစ်၌ ...
ပန်းတွေလိုမွှေး
စမ်းရေလို အေးနိုင်ကြပါစေဟု ..
အလင်းသစ်မှ ..
ဆုမွန်ကောင်း ချွေလိုက်ပါသည်..။

                    ကောင်းသစ်

No comments:

Post a Comment