.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Monday, April 4, 2011

ပိတောက် မိခင်


ပိတောက်ရွှေဝါ မချွေပါနဲ့
နေပါပစေ သူငယ်ချင်း...

ပိတောက်ရွှေဝါ မင်းချွေပါသော်
ရွှေဝါမိခင် ပိတောက်ပင်၏
စိတ်စဉ်မည်သို့ ရှိမည်နည်း။

အို .. သူငယ်ချင်း  မင်းစဉ်းစားကြည့်
လူသားတို့တွင် မွေးမိခင်သည်
ရှုအင်မငြီး သားသမီးကို
လုပြီး ယူငင်  သွားပါလျှင်သော်
စိတ်စဉ်မည်သို့ ရှိမည်နည်း.။

ရွှေဝါမိခင်  ပိတောက်ပင်နှင့်
မိခင်လူသား နှိုင်းယှဉ်ငြား၍
သင်ကားကြည့်ရှု တတ်ပါလျှင်..

မွှေးရနံ့ကြူး ရွှေရည်လူး၍
ဖူးပွင့်နေရှာ ပိတောက်ဝါကို
ဘယ်မှာခူးရက် . နိုင်အံ့နည်း။

ကောင်းသစ်


No comments:

Post a Comment