.. နမော ဘဂ၀တော ၊ နမော အရဟတော၊ နမော သမ္မာသမ္ဗုဒ္ဓဿ..

Tuesday, March 22, 2011

တဏှာနှင့် ဘာဝနာ

တဏှာတဲ့ တဏှာ
ကမ္ဘာဘုံ ကျယ်သရွေ့
ပျော်မွေ့ချင်ရှာ
သူ့ အာသာ 
အလို လိုက်ရှာမိသူများ
မီးလောင်ရာ လောင်စာပင့်သို့
တိုးမြင့်လို့ ပွါး။

တဏှာတဲ့ တဏှာ
တွေ့ရာရာ အာရုံထဲ
မရောင့်ရဲ နိုင်ရှာ
သူ့ အာသာ
အလို လိုက်ရှာမိသူများ
မြစ်ဖြာဖြာ
စီးဝင်ရာ သမုဒ္ဒရာသို့
ပြည့်လို့ မသွား။

တဏှာတဲ့ တဏှာ
ဘာဝနာ ကမ္မဋ္ဌာန်း
စီးဖြန်းမှသာ
ချုပ်ငြိမ်းကာ
လိုအာသာ ကင်းဝေး
ဒုက္ခစုံ ဘုံထပ်ထပ်မှ
ကင်းလွတ် ကွာဝေး။

           ကောင်းသစ်


No comments:

Post a Comment